အတိတ်ဘ၀နှင့် အတိတ်အလွမ်း




Monday, November 30, 2009

*
အတိတ်က ရွှေထီးဆောင်း ငွေထီးဆောင်း
မင်းထီး မင်းဘာ ဝေသာလီ သျှစ်သောင်း
ပင်းဝါချီစစ်ကြောင်း ဘင်းဂါချီစစ်ကြောင်း
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
*
ဒေးဝန်းကြီးအကြောင်း သျှင်ဥတ္တမအကြောင်း
ဦးရွှေဇံအောင်အကြောင်း ဦးရဲကျော်သူအကြောင်း
အမျိုးဘာသာ သာသနာ မေသေမေ၀ါ
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
*
ငါ့လိုင်ခြောင်း မင်းလိုင်ခြောင်း
တသီဖြည့်လို့  မပြည့်ရေ လှိုဏ်ခေါင်း
စကားအကောင်းနန့်  တန်လား မတန်လားမသိ
ဝိုင်းမိဂတ်ပျယ်ဆို သာလို့ ခြီ
ချောင်းကျ မြောင်းကျပေါင်းကလေ့ မနည်းပါလီ။
*
သမိုင်းစာအုပ်ထဲက မင်းထီ မင်းဘာ ဒေနိန့် မှာ
ရှင်ပြီး နိုးထလာကေ
ရင်ကြီးကျိုးကျပါမေ
ငါ့ယောင်လည်းကောင်း မင်းယောင်လည်းကောင်း
ယမကာနံ့ တထောင်းထောင်း
လပျင်း ငဖျင်း ချငြင်းသန်အပေါင်းရို့ ကို
သကျွတ် ပကျွတ် ပရွက် နရွက်
ထထွက်ကြီးလားအောင်
' ထည့် ' ပလိုက်မေလား မဆိုနိုင်
' စေ့ ' ပလိုက်မေလား မဆိုနိုင်။
*
ယကေလေ့ တဆေ
အေကဗျာကိုတော့ ... သောက်ခါလေ့ ဖတ်ကောင်း
မသောက်ခါလေ့ ရွက်ကောင်းပါယင့်ဒေ....။။
*******
ရိုးမရင်သွီး

Seja o primeiro a comentar

Post a Comment



Back to TOP