အတိတ်ဘ၀နှင့် အတိတ်အလွမ်း




Showing posts with label ၀တီကြေးမှုံ. Show all posts
Showing posts with label ၀တီကြေးမှုံ. Show all posts

Saturday, October 31, 2009


" တ"စာရင်းစာတအုပ်နဲ့ ... အနုတ်ပုစ္ဆာတွေ နေ့ စဉ်တွက်
ကျေးလက်ကျောင်းဆရာ ... စေတနာလူမသိပေမယ့်
ဝေဒနာအပူတွေမိခဲ့ပေါ့...။
နေ့ စဉ်..................
မြင်နေကျမျက်နှာများ
ကျောင်းမှာမရှိ ချောင်းမှာရှိ
ရွာထဲမရှိ ယာထဲရှိ
တောင်မှာလည်းရှိ တောမှာရှိ
ကျောင်းမှာမရှိ ဆရာသိ...။
ဈေးဗန်းရွက်သူရွက်
လှော်တက်ကိုင်သူကိုင်
အိုင်ပက်သူပက်
ဟင်းရွက်ခူးသူခူး....
ဆရာလာလမ်း ... ဖြတ်မသန်းဝံ့
ဈေးဗန်းကိုင်ဆုပ် ... ငုတ်တုတ်ကလေး
ငေးနေသူတချို့ ...........................၊
ဖျံလိုက်သူလိုက်
ဖါးရိုက်သူရိုက်
စပါးစိုက်သူစိုက်
အငှားလိုက်သူလိုက်...။
မလွှဲရှောင်သာ ... ဆရာနဲ့ တိုး
ညှိုးငယ်အားနာစွာ ... မျက်လွှာငုံ့ ချ
လမ်းဘေးကတိမ်း ... ခပ်စိမ်းစိမ်းတချို့ ......၊
ငါးရောင်းသူရောင်း
နွားကျောင်းသူကျောင်း
စပါးထောင်းသူထောင်း
ကျောင်းရှေ့ ဖြတ်သန်း ... ခြေလှမ်းမသွက်
ကွက်ကြည့်ကွက်ကြည့် ... စိတ်၏နေရာ
ကျောင်းမှာကျန်ဆဲ ... ကြေကွဲဖွယ်တချို့ ......၊
တချို့ ......
တချို့ .....
ဆရာ့မှာ...
ကျွေးစရာမရှိ
ပြေးစရာမရှိ
မေးစရာမရှိ
တွေးစရာတွေသာ ( ရင်မှာ ) အပြည့်...၊
အမေတယ်မယ့်ထမင်းအိုး
ထင်းချောင်းလေးတချောင်း ချိုးထည့်ဖို့ 
ကြိုးစားနေကြသလား ... တပည့်တို့ ရယ်......။။။။
****
နောင်အေး ( အနောက် )



Back to TOP